ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်   စက်တင်ဘာ   ၁၅

      ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်   ဇဝနသိဒ္ဓိရပ်ကွက်ရှိ    ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာ ဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံ အဖွဲ့အစည်းများနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅)အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ဥပဒေ(မူကြမ်း)များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထား သည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများရှိ ဥပဒေအရာရှိ များကလည်း ဥပဒေ(မူကြမ်း)စိစစ်ခြင်း လုပ်ငန်းစဉ်များကို နှံ့စပ်စွာ လေ့လာထားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ တင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ညွှန်ကြား‌ရေးမှူးချုပ်များက  ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စု ရှေ့နေချုပ်က  တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

Dates: 
Monday, September 16, 2024 - 05:50