ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ သောင်ရင်းမြစ် ရေကြီးမှုအခြေအနေ
နေပြည်တော် စက်တင်ဘာ ၁၁
ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အထက်သို့ ၁ စင်တီ မီတာကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း၂ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ၆၉ ပေ (၆၀၀ စင်တီ မီတာ) အထက်သို့ ၁ လက်မခန့် (၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက် လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် သည်။
ယနေ့နံနက် ၇ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေ သည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ၂ ပေခွဲခန့် (၇၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် . နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
ယနေ့နံနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီ မီတာ) အထက်သို့ ၁၀ ပေခွဲခန့် (၃၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၃ ပေခန့် မြင့်တက် လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့၊ တောင်ငူမြို့၊ မဒေါက်မြို့ နှင့် မြဝတီမြို့ တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
(မိုး/ဇလ)