လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်

 

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်

 

နေပြည်တော် စက်တင်ဘာ ၅

    ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်-ဩရိဿ တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။

    အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီးနောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ-ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းရသည်။

(မိုး/ဇလ)