လေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိ ၊ မုန်တိုင်းငယ်အဖြစ်ပိုမိုအားကောင်းလာနိုင်
နေပြည်တော်စက်တင်ဘာ၆
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ well Marked Low Pressure Area) အဖြစ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် စက်တင်ဘာလ ၉ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ လည်းကောင်း ပိုမို အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရသည်။
(မိုး/ဇလ)