ရွှေကျင်မြစ်၊စစ်တောင်းမြစ်၊သောင်ရင်းမြစ်ရေကြီးမှု အခြေအနေ

 

ရွှေကျင်မြစ်၊စစ်တောင်းမြစ်၊သောင်ရင်းမြစ်ရေကြီးမှု အခြေအနေ

 

နေပြည်တော် စက်တင်ဘာ ၁၀ ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်၂၂ ဒသမ ၉၇ ပေ (၇၀ဝ စင်တီမီတာ)အောက် ၁ ပေခွဲခန့် (၄၀ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

    ယနေ့နံနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ၁ ပေခန့် (၂၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း ၄ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

    ယနေ့နံနက် ၇ နာရီခွဲအချိန်တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ(၉၆၃ စင်တီမီတာ) အထက်သို့ ၂ ပေကျော်(၆၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း ၂ ပေခွဲခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

   သို့ဖြစ်ပါ၍ ရွှေကျင်မြို့၊ မဒေါက်မြို့နှင့် မြဝတီမြို့တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

(မိုး/ဇလ)