စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေ

 

စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေ

 

 နေပြည်တော် _ ဩဂုတ် ၂၃

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ၁ ပေခန့် (၂၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း ၁ လက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်သည်။

(မိုး/ဇလ)