ပုလောမြို့နယ်ရှိ သစ်လှတောကျေးရွာနှင့် ဖော့ကျေးရွာတို့ကို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ပြီး ပြည်သူများကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

ပုလောမြို့နယ်ရှိ သစ်လှတောကျေးရွာနှင့် ဖော့ကျေးရွာတို့ကို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ပြီး ပြည်သူများကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သစ်လှတောကျေးရွာနှင့် ဖော့ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူများကို ဖမ်းဆီးထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ပုလောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စက်တင်ဘာ ၁၄ ရက်က သစ်လှတောကျေးရွာအနီးသို့ရောက်ရှိစဉ် ၎င်းကျေးရွာအတွင်း မှ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက် ဒဏ်ရာများဖြင့် ကျေးရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် ဆုတ်ခွာထွက်ပြေး သွားသည့် အကြမ်းဖက်သမားများမှ စက်တင်ဘာ ၁၆ ရက်တွင် ဖော့ကျေးရွာအတွင်းမှ ထပ်မံ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ အနောက်တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းမရှိဘဲ အကြမ်းဖက်သမားများက ကျေးရွာများအတွင်း အဓမ္မဝင်ရောက်ပြီး ဒေသခံ ပြည်သူများကို ဖမ်းဆီးထားသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ကို တရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။

Dates: 
Wednesday, September 18, 2024 - 00:09