စစ်တွေမြို့ ရွှေပြည်သာရွာသားအားလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များကမောင်းထုတ်ဟု သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာက ကျေးရွာသားများကို စက်တင်ဘာ လ ၁၅ ရက်၊ မနက်ပိုင်းကစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာကထွက်သွား ကြရန် အတင်းအဓမ္မ နှင်ထုတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှား များ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများသို့ အကြောင်းမဲ့ဝင်ရောက်ခြင်းမရှိဘဲ ၊လုံခြုံရေးတာဝန်များနှင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်း စဉ်များကို လုပ်ထုံးလုပ်နည်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် တပ်မတော်ကို ပြည်သူများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့် ရေးသားခြင်းဖြစ်ကြောင်း၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှ သိရှိရသည်။