ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ကို တပ်မတော်က လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက် ကျဲချတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ
နေပြည်တော် ၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ကို စက်တင်ဘာလ ၁၆ ရက်တွင် တပ်မတော်က လေယာဥ် ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက် ကျဲချတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများ၏ ပြောကြား ချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်မှု နှိမ်နှင်း ရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အဆိုပါသတင်းသည် တပ်မတော်အပေါ် ပြည်သူ များ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။