ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၁၇ ရက်
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများ မြင့်တက် ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီ ရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိသည်။
ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရမည်းသင်းမြို့နယ်အပါ အဝင် အခြားမြို့နယ်တို့ရှိ ရပ်ကွက်၊ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည့်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လိုအပ်သည်များ ကူညီ ရွှေ့ပြောင်းပေးခြင်းနှင့် လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြား လိုအပ်သည်များကို ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍တက်ကြွစွာ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း နှင့်လိုအပ်သည့် ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။ ရေဘေးသင့်ပြည်သူများ စားသောက်ရေး အခက်အခဲမရှိစေရေးအတွက် လည်း တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင် ပစ္စည်း များ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို လူသားချင်းစာနာ ထောက်ထား စွာဖြင့် အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။
၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများ ကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံဘောင် ဘေလီ တံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ပြုပြင်ရန် ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။