အထူးမိုးလေဝသသတင်း ထုတ်ပြန်ခြင်း ၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးကြီးခြင်း၊ လေပြ

 

အထူးမိုးလေဝသသတင်း ထုတ်ပြန်ခြင်း ၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

 

နေပြည်တော်  စက်တင်ဘာ  ၁၇

    မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ည ၆ နာရီခွဲအချိန် ထုတ်ပြန်သည့် အထူးမိုးလေဝသသတင်း အနေဖြင့် ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင် ပြီး စက်တင်ဘာလ ၂၀ ရက်တွင် ဗီယက်နမ် နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ဖြတ်ကျော် ၍ စက်တင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိလာနိုင်သည်။ အဆိုပါအပူပိုင်း မုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက် များနှင့် လေပွေလှိုင်းများသည် မြန်မာနိုင်ငံ သို့ ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်။

အဆိုပါဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် သည်။

    သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ  လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ထားကြောင်း သတင်းရရှိသည်။              

Dates: 
Wednesday, September 18, 2024 - 04:19