၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲများ ကျင်းပ

 

၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲများ ကျင်းပ

 

ရန်ကုန်  စက်တင်ဘာ  ၁၇

    ဗိုလ်တထောင်၊ ဗဟန်းနှင့် ကမာရွတ်မြို့နယ်တို့တွင် ဖွင့်လှစ်လျက်ရှိသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်  သင်တန်းဖွင့်ပွဲများသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ    သွားရောက်ကြည့်ရှု အားပေးကြသည်။

သင်တန်းဖွင့်ပွဲတွင်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသားများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်၍      သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြရန်နှင့် သင်တန်းမှ ပို့ချချက်များကို အလေးထား၍  သင်ယူကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ  သင်ခန်းစာ ပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး  မြို့နယ် ၄၅  မြို့နယ်တွင်  စာရင်းကောက်ကွက်ပေါင်း ၇၅၄၄ ကွက်အတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းအခန်း ၁၅၂ ခန်းတွင် သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ပြီး နည်းပြ ၄၆၇ ဦးက သင်တန်းသား ၇၀၇၇ ဦးအား စက်တင်ဘာလ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။