(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ  ၁၈

    စင်ကာပူနိုင်ငံက    အိမ်ရှင်အဖြစ် စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့်  (၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်  ကျန်းမာရေး ကွန်ရက်ဆုချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့  အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်   အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်က   မြန်မာကိုယ်စားလှယ် အဖွဲ့သည်  စင်ကာပူနိုင်ငံ Marina Bay Sands ရှိ Sands Expo & Convention Centre ၌ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက်  အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ပွဲအခမ်းအနား၊ (၁၁) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  ကျန်းမာရေး ကွန်ရက်ညီလာခံနှင့်  Singapore  WSH Conference 2024  တို့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ  ကိုယ်စားလှယ်များ၊  ဆုရရှိသည့်  ကုမ္ပဏီများနှင့်  စင်ကာပူနိုင်ငံမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာလ   ၁၂ ရက်က  စင်ကာပူနိုင်ငံ Furama City Center ၌  ကျင်းပသည့် Policy Dialogue on Harnessing the  Potential  of  Global  Supply Chains to Improve OSH In ASEAN အခမ်းအနားသို့ လည်းကောင်း၊ စက်တင်ဘာလ ၁၃  ရက်က (၂၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်    ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့  အစည်းအဝေးများသို့ လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးနှင့်  မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုချီးမြှင့်ပွဲ အခမ်းအနား (5th ASEAN-OSHNET Awards Ceremony) တွင်  အာဆီယံနိုင်ငံများရှိ ကုမ္ပဏီများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award) နှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေး ကွန်ရက်  ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practices Award)ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ   မြန်မာနိုင်ငံ   ကိုယ်စားပြု အနေဖြင့် ASEAN-OSHNET Excellence Award ကို Dagon Beverages Company Limited က လည်းကောင်း၊   ASEAN-OSHNET Best Practices Award  ကို Myanmar C.P Livestock Co., Ltd. က လည်းကောင်း ရရှိခဲ့ကြပြီး ကိုယ်စားလှယ်များက ဆုများကို  လက်ခံရယူခဲ့ကြသည်။

အဆိုပါ  အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  ကျန်းမာရေး ကွန်ရက်ဆုကို  ၂၀၁၆  ခုနှစ်မှစတင်၍ နှစ်နှစ်လျှင်တစ်ကြိမ်  ပေးအပ်ချီးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ဆုများရွေးချယ်ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများမှ  ကိုယ်စားလှယ်များ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့ဖြင့်  ASEAN-OSHNET မှ သတ်မှတ်ထားသည့်   စံချိန်စံနှုန်းများနှင့်အညီ    ရွေးချယ်ခြင်းဖြစ်ကြောင်း၊  ၂၀၁၆ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ  Excellence Award   ဆုရ  စက်ရုံငါးရုံနှင့်  Best  Practices  Award ဆုရ စက်ရုံငါးရုံ    စုစုပေါင်းစက်ရုံ  ၁၀ ရုံ ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။