တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်ပြီး နေရပ်ပြန်လာသည့် ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲ ရေးသားလျက်ရှိ

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်ပြီး နေရပ်ပြန်လာသည့် ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် စွပ်စွဲ ရေးသားလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ ၁၉ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် တိမ်းရှောင်နေရာမှ ပြန်လည်ရောက်ရှိလာသည့် ဒေသခံပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တနင်္သာရီမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ တနင်္သာရီမြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ ဝင်ရောက်လာပြီး အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာ အနီးတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း၊ ဒေသခံပြည်သူ ၆ ဦး ကိုလည်း ဖမ်းဆီးထားခြင်းမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။