ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေလက်ခံမည့် အစီအစဉ်များ အသိပေးကြေညာခြင်း

 

ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေလက်ခံမည့် အစီအစဉ်များ အသိပေးကြေညာခြင်း

 

    မုန်တိုင်းရာဂိ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန် အတွက် လှူဒါန်းငွေ များကို ၂၁-၉-၂၀၂၄ ရက်(စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊  ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

လှူဒါန်းလိုသူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်း ပေးသွင်း လှူဒါန်းနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်-

(၁)     ဒေါ်လဲ့လဲ့အေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁

(၂)     ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်းနံပါတ် ၀၉-၂၅၄၁၇၀၀၁၁

(၃)     ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၉-၄၃၀၀၉၂၉၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ