ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

 

ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု၊  ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

 

နေပြည်တော် စက်တင်ဘာ ၁၉

       နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်    ပုဗ္ဗသီရိမြို့နယ် သဒ္ဓမ္မနဒီ(ဧရာဝတီ) သီလရှင်စာသင်တိုက်သို့ သွားရောက်၍ စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ကျောင်းတိုက် ရေဝင်ရောက်နေမှု အခြေအနေကိုကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ဧရိယာများရှိ သီးနှံများ ထိခိုက်ပျက်စီးမှု အပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပြီး သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး၊ အနည်း

ငယ်ထိခိုက်ပျက်စီးသည့် လယ်ယာမြေများ ပန်းတိုင်အထွက်နှုန်း ကောင်းမွန်စေရေး အတွက် မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ပေးရေး၊   လယ်ယာမြေများ ပြန်လည်စိုက်ပျိုး ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲပြီး   ပူးပေါင်းဆောင်ရွက်ရေး၊ ဆည်မြောင်းများ၊ ရေသွင်းရေထုတ် လက်တံမြောင်းများ အမြန်ဆုံးပြုပြင်ရေး၊ လယ်ယာမြေနှင့် အခြားကဏ္ဍများ ပျက်စီးဆုံးရှုံးမှု စာရင်းများကို မှန်ကန်မှုရှိအောင် ပြုစုတင်ပြရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည့် နေပြည်တော် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာ၊ ဇီးဖြူတန်းကျေးရွာ၊ ရေကာကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့သို့ သွားရောက်၍ ရေနစ်မြုပ်ခဲ့သည့် လယ်မြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်း ရေထုတ်မြောင်းများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Dates: 
Friday, September 20, 2024 - 06:24