သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

 

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၉

 သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်း

ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ  ဒုတိယဝန်ကြီး  ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် သမဝါယမဦးစီးမှူးများ၊   သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက  သဘာဝဘေးကြောင့် ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ် ငါးခု၊ မြို့နယ် ၂၁ ခု၊ သမဝါယမအသင်း ၁၅၄ သင်း၊ အသင်းသား ၃၉၈၇ ဦး၏ မိုးစပါးလယ်ဧက ၇၂၂၆ အတွက် ထိုင်း နှံကောက်၊ GW-11 စသည့် မျိုးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အခြေခံသမဝါယမအသင်း BOD များကိုပေးပြီး BOD များမှတစ်ဆင့် အသင်းသားများကို သီးနှံပေါ်ပေးစနစ်ဖြင့် စက်တင်ဘာလအတွင်း ပြီးပြတ်အောင်  မျိုးများမြန်မြန် ဖြန့်ဝေပေးသွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့်   တိုင်းဒေသကြီး၊  ပြည်နယ် သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း

သတင်းရရှိသည်။