ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကြည့်ရှုစစ်ဆေး

 

 

ရေကြီးရေလျှံမှုကြောင့်  ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်      စက်တင်ဘာ     ၂၂

    လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း  ပြောင်းလဲ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းအူကြောင်း  ပြောင်းလဲ တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းပြန်လည် ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝါသံပေါင်များ ပြန်လည်ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တာဝါတိုင်များစိုက်ထူရန်   ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည် ပြုပြင်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်း အူကြောင်း ပြောင်းလဲတည်ဆောက်ခြင်း လုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက်  လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများနှင့် မဟာဓာတ်အားလိုင်းမှူး ရုံးများမှ အင်ဂျင်နီယာများ ဦးဆောင်၍   လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများဖြင့် လုပ်ငန်းများလျင်မြန်စွာ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Dates: 
Monday, September 23, 2024 - 07:46