ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

 

ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

 

ဇီးကုန်း   စက်တင်ဘာ    ၂၂

    ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ   ဖြစ်ပေါ်လာပါက ကူညီရှာဖွေ ကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင်  မြို့နယ်မီးသတ်ဦးစီးဌာန၌  ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦး ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ပရဟိတအဖွဲ့ဝင်များ၊ ရပ်‌ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်

ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍   အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများ၊ ရေကြီးလာပါက နီးစပ်ရာ အရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြကြသည်။

အဆိုပါ  ရေဘေးနှင့်သဘာဝဘေးအန္တရာယ်   ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက  ကြည့်ရှုအားပေးပြီး      မြို့နယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို   အသံချဲ့စက်ဖြင့် ကျေးလက် မြို့ရွာအနှံ့  အသိပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။

Dates: 
Monday, September 23, 2024 - 08:51