မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

 

မအူပင်မြို့နယ်၌ ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းမွန်နေ

 

မအူပင် စက်တင်ဘာ ၂၂

    ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ်၌   ရှမ်းပြည်နယ်မှ ဝင်ရောက်လာသည့် ကြက်သွန်နီများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း မအူပင်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ   ဒေါ်မြတ်ဆုမွန်၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ်သို့     ရှမ်းပြည်နယ်မှ ထွက်ရှိသည့် အရည်အသွေးကောင်း  ကြက်သွန်နီများ  ပုံမှန်ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်သည်။

"တခြားဒေသတွေကနေ တစ်ဆင့်  ဧရာဝတီတိုင်းဒေသကြီးကို   ကြက်သွန်နီ တင်ပို့တာနည်းပါတယ်။ ရှမ်းပြည်နယ်ကနေတော့ကြက်သွန်နီ ပုံမှန်ဝင်ရောက်မှုရှိပါတယ်။ လက်ရှိမှာ ကြက်သွန်နီဈေးနှုန်းကလည်း သင့်တင့်တဲ့ အနေအထားမှာရှိလို့    ဝယ်လိုအားများပြီး ပိဿာချိန် တော်တော်များများ    အရောင်းအဝယ်ဖြစ်နေပါတယ်''ဟု     ဒေါ်မြတ်ဆုမွန်က ပြောသည်။

အဆိုပါကြက်သွန်နီများ အရောင်းအဝယ်ကောင်းနေခြင်းနှင့် ကြက်သွန်နီပုံမှန် ဝင်ရောက်မှုရှိနေခြင်းကြောင့် ကြက်သွန်နီရောင်းဝယ်ရေး လုပ်ကိုင်သူများသာမက ကုန်စည်သယ်ယူတင်ပို့သည့် လုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်တင်ကုန်ချ လုပ်သားများပါ  အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။