ISS ၌ စံချိန်တင်နေထိုင်သည့် ရုရှားအာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ပြန်ရောက်

 

ISS ၌ စံချိန်တင်နေထိုင်သည့် ရုရှားအာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ပြန်ရောက်

 

    နိုင်ငံတကာ အာကာသစခန်း (ISS) မှာ ရက်ပေါင်းများစွာကြာ စံချိန်တင်နေထိုင် နိုင်ခဲ့တဲ့  ရုရှားအာကာသယာဉ်မှူးများက စက်တင်ဘာလ ၂၃ ရက်မှာ ကမ္ဘာမြေပြင်ပေါ်ကို ပြန်လည်ဆင်းသက် ရောက်ရှိလာပါပြီ။

ရုရှားအာကာသယာဉ်မှူးများ ဖြစ်တဲ့ အိုလက်ကိုနိုနန်ကိုနဲ့ နီကိုလိုင်းချပ်တို့က ISS မှာ ၃၇၄ ရက်ကြာနေထိုင်နိုင်ခဲ့တာပါ။ ဒီလိုနေထိုင်နိုင်မှုဟာ ဘယ်သူမှမလုပ်နိုင် တဲ့စံချိန်ကို တင်လိုက်နိုင်တာဖြစ်ပါတယ်။

အိုလက်ကိုနိုနန်ကိုဆိုရင် ISS ဆီကို ငါးကြိမ်သွားရောက်ပြီးနောက် ရက်ပေါင်း ၁၁၁၁ ရက်အထိ နေထိုင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော အာကာသယာဉ်မှူးအဖြစ် ထပ်မံစံချိန် တင်လိုက်ပါတယ်။

ရုရှားအာကာသယာဉ်မှူး နှစ်ဦးအပြင်  အမေရိကန်မှ အာကာသယာဉ်မှူး ထရေစီဒိုင်ဆန် အပါအဝင်  အာကာသယာဉ်မှူး သုံးဦးကို Soyuz MS-25 ယာဉ်ငယ်က ပြန်လည်သယ်ဆောင်ပြီး ဒေသစံတော် ချိန် ညနေ ၄ နာရီ ၅၈ မိနစ်မှာ ကာဇက် စတန်မြေပေါ်ကို ဆင်းသက်လာတာပါ။

ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုတွေဖြစ်ပေါ်ပြီးနောက် ရုရှားက ISS ကနေနုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်ဖို့     ပြင်ဆင်မှုတွေ လုပ်နေတာရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာမှ ရုရှားနဲ့အမေရိကန် အာကာသယာဉ်မှူးတွေ ပူးပေါင်းပြီး ယာဉ်တစ်စင်းထဲမှာ အတူတူလိုက်ပါလာတဲ့ဖြစ်စဉ်ဟာ လက်ရှိအနေအထားနဲ့ ဆိုရင်တော့ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Dates: 
Tuesday, September 24, 2024 - 08:06