နျူကလီးယား စမ်းသပ်မှုကို အမေရိကန်ဘက်က မစတင်သမျှ ရုရှားကလည်း လုပ်ဆောင်မည် မဟုတ်
နျူကလီးယားလက်နက် စမ်းသပ်မှုကို အမေရိကန်ဘက်က မစတင်သမျှကာလ ပတ်လုံး ရုရှားကလည်း လုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ လက်နက်ထိန်းချုပ်ရေး တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၃ ရက်တွင် ပြောသည်။
အမေရိကန်နှင့် ဥရောပမဟာမိတ်အဖွဲ့များက ယူကရိန်းကို ထောက်ပံ့ပေးထားသည့် လက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ခွင့်ပြုပြီးနောက် ရုရှားက နျူကလီးယားလက်နက် စမ်းသပ်မှုများကို လုပ်ဆောင် လာနိုင်သည်ဟူသော ပြော ဆိုချက်များအပေါ် ရုရှားတာဝန်ရှိသူက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ပူတင်ကလည်း ယူကရိန်းပဋိပက္ခတွင် အနိုင်ရရှိရေးအတွက် နျူကလီး ယားလက်နက်ကို အသုံးပြုရန် မလိုအပ်ကြောင်း ပြောထားသည်။
ရုရှားနိုင်ငံ၏ နျူကလီးယား စမ်းသပ်ရာ နေရာဖြစ်သည့် နိုဗာယာဇမ်လိုင်ယာမှ အကြီးအကဲက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု ထုတ်ပြန်ပြီးနောက် ရုရှားတာဝန်ရှိသူ များက ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။
အလားတူ နျူကလီးယားစမ်းသပ်ရာ နေရာကို အသင့်ပြင်ဆင်ထားခြင်းသည် နျူကလီးယားစမ်းသပ်မှု အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်မှုများလုပ်နေ သည့် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်များကို တုံ့ပြန်နိုင်ရေးအတွက် အသင့်ရှိ နေသည့် သဘောပင်ဖြစ်ကြောင်း ရုရှားလက်နက်ထိန်းချုပ်ရေး မူဝါဒအကြီးအကဲ ဖြစ်သည့် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။