ဘိုကလေးမြို့နယ်၌ ဒေသထွက် ငါးကွမ်းရှပ်ခြောက်များ ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားကောင်းနေ
ဘိုကလေး စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဒေသထွက်ငါးကွမ်းရှပ်ခြောက်များ ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဘိုကလေးမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ထွေး၏ ပြောဆိုချက်အရ သိရသည်။
ဘိုကလေးမြို့နယ်၌ ပင်လယ်ငါးကွမ်းရှပ်ခြောက်များ အပါအဝင် ငါးခြောက်မျိုးစုံကို စနစ်တကျထုပ်ပိုးရောင်းချလျက်ရှိပြီး စက်တင်ဘာလဒုတိယပတ်မှ လက်ရှိအချိန်ထိ ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။
အဆိုပါဒေသမှထွက်ရှိသည့် ငါးကွမ်းရှပ်ခြောက်များ တစ်ရက်လျှင် ပိဿာချိန် ၂၀၀ မှ ၃၅၀ အထိ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
''ပင်လယ် ငါးကွမ်းရှပ်ခြောက်တွေ အရောင်းအဝယ် ကောင်းနေပါတယ်။ စက်တင်ဘာလ ဒုတိယပတ်လောက်ကတည်းက စတင်အရောင်းအဝယ် ကောင်းမွန်ခဲ့တာပါ။ ဒေသထွက်ငါးကွမ်းရှပ်ခြောက်တွေ အပါအဝင် ငါးခြောက်မျိုးစုံကို
ရန်ကုန်ဘက်က ဝယ်လိုအားကောင်းနေတာကြောင့်ပါ" ဟု ဒေါ်ထွေးကပြောသည်။
ဘိုကလေးမြို့နယ်မှ ငါးပိ၊ ငါးခြောက် အပါအဝင် ဒေသထွက် ငါးကွမ်းရှပ်ခြောက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။