ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်း ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အသင်း(Russian Association for Friendship and Cooperation - RAFC) ၏ ဒုတိယဥက္ကဋ္ဌ Mr.Alexander OSTROVSKIY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ နှစ်နိုင်ငံပူးပေါင်း စီစဉ်ရိုက်ကူး ထုတ်လွှင့်ရေး၊ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ အကြား ဆက်သွယ်ဆက်ဆံမှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။