အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့ (ASEANSAI)၏ အသိပညာမျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

 

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့ (ASEANSAI)၏ အသိပညာမျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

 

နေပြည်တော် စက်တင်ဘာ  ၂၅

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့(ASEANSAI)၏ အသိပညာမျှဝေမှု အစီအစဉ်အရ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အကောင် အထည်ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲ”ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး  ပတ္တမြားခန်းမ၌  Video  Conference  စနစ်ဖြင့် လက်ခံကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်‌ ‌ဒေါက်တာခင်နိုင်ဦးက Video Message ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုဆွေးနွေးပွဲ၌ အင်ဒိုနီးရှား၊   မလေးရှားနှင့် ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ကလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့် စပ်လျဉ်းသည့် စစ်ဆေးမှုများ အကြောင်းကို   အသိပညာမျှဝေဆွေးနွေး သွားမည်ဖြစ်သဖြင့်   များစွာအကျိုးရှိလိမ့်မည်ဟု   ယုံကြည်ကြောင်း ပြောကြားသည်။         

ထို့နောက် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် ASEANSAI Knowledge Sharing Committee  ဥက္ကဋ္ဌ Mrs. Datuk Wan Surya Wan Mohd Radzi က Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသက်မွန်တို့က   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များ၊ စစ်‌ဆေးမှု နည်းလမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌ရေး ပန်းတိုင် အကောင်အထည်ဖော်မှု စစ်ဆေးခြင်းမှ       အတွေ့အကြုံများကို လည်းကောင်း၊ မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက သစ်တောစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်‌ရောက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက် လာကြသူများက အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေး၍   အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ရုပ်သိမ်းလိုက်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့   ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ ၂၆ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။      

Dates: 
Thursday, September 26, 2024 - 07:25