ပဲခူးမြို့ ဟံသာဝတီရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ညနေပိုင်းတွင် ပဲခူးမြို့အတွင်းရှိ ဟံသာဝတီ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တွေ့မြင်ခံစား သိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်သောကြောင့် ပျက်စီးမှုများအား ချက်ချင်းပြန်လည်ပြင်ဆင်ရန်၊ လိုအပ်သည့်နေရာတွင် သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ် မဲခုန်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီး စီးနင်းခဲ့သည့် မြင်း ၁၆ ကောင်ဆွဲ လှည်းယဉ်တော်ကြီးအား မူလပုံစံ၊ အရွယ်အစားအတိုင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ယင်းနောက် ပဲခူးမြို့၌ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘက်စုံပြန်လည်အဆင ့်မြှင့်တင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိပ်ပြာကန်သည် ကျန်းမာရေးအရသော် လည်းကောင်း၊ ဘာသာရေးရသော် လည်းကောင်း၊ မိသားစုအလိုက် လာရောက်အပန်းဖြေသည့် နေရာတစ်ခုအဖြစ် လူအမြဲမပြတ်စည်ကားသည့် နေရာဖြစ်၍ Landscaping Designများ အစဉ်လှပစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
