တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစား

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစား

နေပြည်တော် စက်တင်ဘာ ၂၆

၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက် ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် စတင်ယှဉ်ပြိုင် ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ကရာတေးပြိုင်ပွဲကိုယနေ့ နံနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပရာ တပ်မတော်(ကြည်း၊ရေ၊လေ) ကရာတေး ကော်မတီ ဥက္ကဌ ဗိုလ်ချုပ် သက်ထွန်းဦး က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက်  ပြိုင်ပွဲဝင်အသင်း များ၏ ယှှဉ်ပြိုင်မှုများအား ကြည့်ရှု့အားပေးကြသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)ကရာတေး ပြိုင်ပွဲတွင် လူသစ်တန်းတစ်ဦးချင်း  ခတပြိုင်ပွဲ၊ အကြီးတန်းတစ်ဦးချင်း ခတပြိုင်ပွဲ၊အသင်းလိုက်ခတပြိုင်ပွဲနှင့် လူသစ် တန်း ကီလိုတန်းအလိုက် ကုမိတဲ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။

အလားတူ ဇေယျာသီရိတပ် မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ မီတာ၁၀၀ ပြေးပြိုင်ပွဲ ၊တန်းမြင့်ခုန်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ ၊လှံတံပစ်ပြိုင်ပွဲနှင့် မီတာ၈၀၀ပြေးပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မ တော်(ကြည်း၊ရေ၊လေ)အမျိုးသား/အမျိုးသမီးဘော်လီဘောြပိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)တွင် အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကိုလည်းကောင်၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(C)၌ အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုး သားပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားတစ် လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ ၊အမျိုးသမီး ဓားတစ်လက် အတိုက် ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေပြိုင်ပွဲကို နေပြည်တော်ရှိစစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် ၅၇ကီလိုတန်းလူသစ်တန်းပြိုင်ပွဲ၊ ၄၈ကီလို ၅၇ကီလို ၆၀ကီလိုအလွတ်တန်းပြိုင်ပွဲ ၊ ၆၀ကီလိုတန်း(က) အဆင့် ပြိုင်ပွဲ၊အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များကို လည်း ကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့်ဘောလုံးပြိုင်ပွဲအဖြစ် အရှေ့ပိုင်း တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့်တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းက တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအ သင်းအား ၃ဂိုး -  ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

 အဆိုပါအားကစားပြိုင် ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ် မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Thursday, September 26, 2024 - 17:08