ပေါင်မြို့နယ်၌ ရာသီစာကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိ

 

ပေါင်မြို့နယ်၌ ရာသီစာကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိ

 

ပေါင်   စက်တင်ဘာ     ၂၉

    မွန်ပြည်နယ် ပေါင်မြို့နယ်၌  ဒေသထွက် ရာသီစာကျွဲကောသီးများ လှိုင်လှိုင် ထွက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလ အစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် ဓာတ်စာကျွဲကောသီးများမှာ စျေးကွက်အတွင်း ဝယ်ယူစားသုံးသူ များပြားလျက်ရှိသည်။

ကျွဲကောသီးကို  မွန်ပြည်နယ်ရှိ မြို့နယ်အများစု၌   စိုက်ပျိုးကြပြီး   ထွက်ရှိသော ကျွဲကောသီးများကို ဒေသတွင်း စားသုံးရောင်းချမှုများအပြင် အလုံး  ၅ဝ ပါ  နှီးခြင်းများဖြင့် ထုပ်ပိုးကာရန်ကုန်ပွဲရုံနှင့် မန္တလေးတို့ကို အဓိကတင်ပို့ရောင်းချကြသည်။

ဒေသထွက် ကျွဲကောသီးကို အဖြူသီးနှင့် ပန်းရောင်သီးဟု  ခွဲခြားထားကာ နှစ်မျိုးစလုံး အရသာချိုပြီး စျေးနှုန်းအတူတူပင်ဖြစ်သည်။

ကျွဲကောသီးသည်  သွေးလည်ပတ်မှုကောင်းခြင်း၊ အိပ်ပျော်စေခြင်းစသော အကျိုးကျေးဇူးများကိုရရှိစေနိုင်သည်။  ထို့ပြင်   သွေးကျဲခြင်း၊  လည်ပင်းနာခြင်းစသည့် ရောဂါများအပြင် ဆီးချိုရောဂါသည်များ အတွက်လည်း အကောင်းဆုံး ဓာတ်စာသီးနှံဖြစ်၍ လူတိုင်းစားသုံးရန် သင့်တော်ကြောင်း သိရသည်။