ရုရှားတပ်ဖွဲ့က မာကိကာဒေသကို ပြန်လည်သိမ်းပိုက်နိုင်

 

ရုရှားတပ်ဖွဲ့က မာကိကာဒေသကို ပြန်လည်သိမ်းပိုက်နိုင်

 

မော်စကို၊ စစ်ရေး

    ရုရှားတပ်ဖွဲ့များသည် ဒွန်းဘတ်ဒေသရှိ မာကိကာဒေသကို ပြန်လည်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဒေသသည် ရုရှားပြည်ထောင်စု အတွင်းရှိ လူးဟန့်ပြည်သူ့ သမ္မတနိုင်ငံမှ ဒေသတစ်ခုဖြစ်ပြီး အနောက်အုပ်စုမှ တပ်ဖွဲ့တစ်ဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံထားရသည့် နေရာဖြစ်သည်။

ယင်းဒေသအပြင် အခြားဒေသများတွင် ရုရှားက လုပ်ဆောင်သော  ချေမှုန်းရေး စစ်ဆင်ရေး၌ ယူကရိန်းတပ်ဖွဲ့ဝင် ၄၅၀ ဦး ကို ၂၄ နာရီအတွင်း ချေမှုန်းလိုက်နိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့များသည် ယင်းဒေသများအတွင်းရှိ ပိုလန်နိုင်ငံထုတ် Krab အမြောက်၊ အမေရိကန်နိုင်ငံထုတ် M198 ဟောင်ဝစ်ဇာနှင့် ဗြိတိန်နိုင်ငံထုတ် FH-70 ဟောင်ဝစ်ဇာတို့ အပါအဝင် စစ်လက်နက် ပစ္စည်းအများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် လများကတည်းက ရုရှားတပ်ဖွဲ့ဝင်များသည် ဒွန်းဘတ်ဒေသ တစ်လွှားရှိ နယ်မြေများဆီ တဖြည်းဖြည်းချင်းနင်း ဝင်ရောက်လာကာ နေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုအခါ    ယူကရိန်းတပ်ဖွဲ့များက ရှေ့ဆက်မတိုးနိုင်သည့် အခြေအနေဖြစ်ပေါ် နေစဉ်တွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း တို့၏ အဓိကထောက်ပံ့ရေး အချက်အချာ ဖြစ်သည့် ပေါ့ရော့မြို့အနီးသို့ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။  

Dates: 
Monday, September 30, 2024 - 07:29