ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ

ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာအရှေ့ အိုင်ကြီးလမ်းခွဲ နေရာကို လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှား များဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးနှင့် လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ သတင်းမှားသာဖြစ်ပြီး မှန်ကန်မှု မရှိကြောင်း၊ အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များကြောင့် အားပေး ထောက်ခံမှုမရှိတော့သည့် ကျေးရွာများအား အကြမ်းဖက်သမားများက အကြောက် တရားများ လွှမ်းမိုးလာစေရန် လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရ ကြောင်း၊ ထိုသို့လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်က ထိရောက်စွာ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက တပ်မတော်နှင့် ပြည်သူအကြား သပ်လျှိုသွေးခွဲရန်နှင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ယခုကဲ့သို့ မဟုတ်မမှန်သည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေ ခြင်းသာဖြစ်ကြောင်း သိရှိရသည်။