လက်ပံတန်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ စပါးခင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဝင် ရောက်ရိတ်သိမ်းနေကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေ

လက်ပံတန်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ စပါးခင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မဝင် ရောက်ရိတ်သိမ်းနေကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော်၊ အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံရွာသားများ တိမ်းရှောင်နေသည့် ကျေးရွာအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယူဆောင်နေကြောင်းနှင့် ဒေသခံတောင်သူများ၏ စပါးခင်းများကို အဓမ္မဝင်ရောက်ရိတ်သိမ်း နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ထန်းပင်ချောင်ကျေးရွာမှ ဒေသခံရွာသားများသည် ၎င်းကျေးရွာတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းနှင့် ဒေသခံတောင်သူများ၏ စပါးခင်းများကို အဓမ္မ ဝင်ရောက်ရိတ်သိမ်းနေသည့်သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများက လက်ပံတန်းမြို့နယ်ရှိ ကျေးရွာများအတွင်း ငွေကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာ များက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။