တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၁ ရက်
၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက် ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ တန်းကျော် ပြေးပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြေးပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲများကို လည်း ကောင်း၊ အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)တွင် အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက်အတိုတ် ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစားအမျိုး အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုတပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ဂျူဒိုကော်မတီမှ တာဝန်ရှိသူများ က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)တွင် အမျိုးသား ကွာတားအဆင့်ပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌လည်းကောင်း၊ နေပြည် တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ လက်ဝှေ့ပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်များယှဉ်ပြိုင်ကစားကြပြီး အားကစားအမျိုးအစား ကီလိုတန်းများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်လက်ဝှေ့ကော်မတီမှ တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားဘောလုံးပြိုင်ပွဲအဖြစ် ညနေပိုင်းတွင် လေ့ကျင့်ရေး ကွင်း(၁)၌ ဒုတိယအဆင့်အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်အဖြစ် အနောက်တောင်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချူပ်ရုံး(လေ)ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ဂိုးစီသရေဖြင့်လည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စု ပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး အကြိုဗိုလ်လုပွဲများသို့ တက်ရောက်ခဲ့ကြသည်။
အကြိုဗိုလ်လုပွဲတွင် ကာကွယ်ရေးဦးစီးချူပ်ရုံးစခန်းမှူးရုံးကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။