မြိတ်နှင့်ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 

မြိတ်နှင့်ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၂၈

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင်  မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊   ကုန်းဖောက်ကျေးရွာအနီးတွင် အောင်ပြည့်စုံ(ခ)လက်ပွား မောင်းနှင်လာသည့်  မော်တော်ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်<ကရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း။

ဧပြီလ ၂၅ ရက် နံနက် ၉ နာရီတွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် နောင်ဝင်းထွန်း(ခ)နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာနှင့် ဝေဖြိုးကျော်တို့  လိုက်ပါလာသည့် ဗြြ တွဲယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀ ကီလိုနှင့် ကက်တမင်း ၁၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။