အီရန်က အစ္စရေးကို အသံနှုန်းလွန်ဒုံးကျည်များ အသုံးပြုတိုက်ခိုက်ဟု အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ထုတ်ပြန်

 

အီရန်က အစ္စရေးကို အသံနှုန်းလွန်ဒုံးကျည်များ အသုံးပြုတိုက်ခိုက်ဟု အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ ထုတ်ပြန်

 

အီရန်က အစ္စရေးကိုတိုက်ခိုက်ရာတွင် အသံနှုန်းလွန် ဒုံးကျည်များကို အသုံးပြုခဲ့ ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ၏အစ္စလာမ် မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)က ထုတ်ပြန်ကြေညာထားသည်။

အီရန်သည် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် အစ္စရေးကို ဒုံးကျည်အမြောက် အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ရခြင်းသည် အစ္စရေးက ဟားမက်နှင့် ဟစ်ဇဘိုလာအဖွဲ့တို့မှ ခေါင်းဆောင်များအပြင် IRGC မှ ဗိုလ်ချုပ်ကြီး တစ်ဦးတို့ကို ချေမှုန်းခြင်းတို့ကြောင့်ဖြစ်သည်ဟု IRGC အဖွဲ့၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုတွင် အသုံးပြုသောဒုံးကျည်များသည် Fattah-2 အသံနှုန်းလွန် ဒုံးကျည်များဖြစ်ပြီး အစ္စရေး၏ ရေဒါများကို ရှောင်ကွင်းနိုင်စေရန် အဆိုပါဒုံးကျည် များကို အသုံးပြုခြင်းဖြစ်ကြောင်း IRGC ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန်သတင်း ဌာနများက ဖော်ပြထားသည်။

ထို့ပြင် ပစ်ခတ်လိုက်သော ဒုံးကျည်များ အနက် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းမှာ သတ်မှတ်ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်းနှင့် ထိုပစ်မှတ်များတွင် တဲအဗစ်မြို့အနီးရှိ တဲနော့လေတပ်စခန်းနှင့် ဂါဇာအနီးရှိ နတ်ဆာရင်ဒေသတို့ ပါဝင်ကာ ယင်းနေရာများရှိ     အစ္စရေးတင့်အများအပြားကို ဖျက်ဆီးလိုက်နိုင်ကြောင်း  IRGC    ကထုတ်ပြန်ထားသည်။

အလားတူ အဆိုပါတိုက်ခိုက်မှုအတွင်း နီဗာတင်လေတပ်စခန်းရှိ အစ္စရေးတို့၏ F-35 တိုက်လေယာဉ်အချို့ကို   ဖျက်ဆီးလိုက်နိုင်‌သည်ဟု     ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အီရန်ကပစ်ခတ်လိုက်သည့် ဒုံးကျည် အစင်းရေ ၁၈၀ ကျော်ရှိကြောင်း၊ ယင်းတို့ အနက်အများစုကို ကြားဖြတ်ပစ်ခတ်နိုင် ကြောင်း အစ္စရေးစစ်ဘက်၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်ကို တွေ့ရသည်။

အီရန်သည် Fattah-1 ဒုံးကျည်ကို ပြီး ခဲ့သည့်နှစ်ဇွန်လတွင် လည်းကောင်း၊ Fat-tah-2 ဒုံးကျည်ကို နိုဝင်ဘာလတွင်လည်းကောင်း ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ထို ဒုံးကျည်နှစ်မျိုးစလုံးကို စစ်ဆင်ရေးတွင် အသုံးပြုဖူးခြင်း မရှိကြောင်း သိရသည်။

ယခုအခါ အီရန်နိုင်ငံက အစ္စရေးအပေါ် လက်တုံ့ပြန် တိုက်ခိုက်မှု   ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောထားသော်လည်း အစ္စရေးကမူ အီရန်အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုအတွက် တန်ဖိုးကြီးစွာ ပေးဆပ်ရမည်ဟု ကတိပြုထားသည်။