နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်း

 

ရန်ကုန် အောက်တိုဘာ  ၂ 

    အလယ်အလတ်အဆင့် အရာထမ်း သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို  ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့  အဖွဲ့ဝင်  သူရဦးဘိုနီ၊  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင်  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်သည် တစ်နိုင်ငံလုံးတွင်ရှိသည့် ဝန်ထမ်းများအား မိမိတို့၏လုပ်ငန်း တာဝန်များကို  ကဏ္ဍအလိုက်၊  အဆင့်အလိုက်  စည်းစနစ်ကျနစွာ ဆောင်ရွက် နိုင်အောင် သိသင့်သိထိုက်သော ပညာရပ်များကို  လေ့ကျင့်သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ကြောင်း     ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်၍ သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်း၏  ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်တိုဘာလ ၁ ရက် နံနက်၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာဘွဲ့ လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို မေ လ ၁၃ ရက်မှ အောက်တိုဘာလ ၂ ရက်ထိ သင်တန်းသား ၄၁ ဦး၊ သင်တန်းသူ ၄၂ ဦး စုစုပေါင်း  ၈၃  ဦးဖြင့်  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။