စက်တင်ဘာလ စတုတ္ထပတ်အတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် ယာဉ်/ယန္တရား ၇ စီး ဖမ်းဆီးရမိ

 

စက်တင်ဘာလ စတုတ္ထပတ်အတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် ယာဉ်/ယန္တရား ၇ စီး ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ  ၂         

    နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ  စက်တင်ဘာလ ၂၃  ရက်မှ  ၂၉ ရက်အထိ  တရားမဝင်ကျွန်း (၁၆ ဒသမ ၃၉၄၄)တန်၊ သစ်မာ (၃ ဒသမ ၅၁၈၂)တန်နှင့် အခြား (၃၂ ဒသမ ၁၀၇၈)တန် စုစုပေါင်း (၅၂ ဒသမ ၀၂၀၄)တန်၊ ယာဉ်/ ယန္တရား (၇)စီးနှင့် တရားခံ (၁၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စက်တင်ဘာလ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၅၄/၇ အနီးမှ တရားမဝင် ပျဉ်းကတိုး/ သဒီ/ သစ်စေး/ ဖန်ခါး /နဘဲ ခွဲသား စုစုပေါင်း (၁၅၇)ချောင်း (၁၂ ဒသမ ၆၈၁၈) တန်နှင့် (၁၂)ဘီးယာဉ် (၁)စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည်  တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။