မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်း၊ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPEအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်း၊ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPEအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်   အောက်တိုဘာ  ၂

    မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၉)ပွဲစဉ်များကို ယနေ့ညနေ ၃နာရီတွင် ရန်ကုန် မြို့၌ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE အသင်းတို့နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

    မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၉)ပွဲစဉ်အဖြစ် ယနေ့ညနေ ၃နာရီက ရန်ကုန်မြို့ YUSC အားကစား ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် YREOအသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၆မိနစ်တွင် မြနှင်းဝေ၊ ပွဲချိန် ၅၇မိနစ်တွင် စုစုကြည်၊ ပွဲချိနတ် ၇၈မိနစ်တွင် ဇင်မိုးပြည့်တို့က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ညနေ ၃နာရီက စလင်းအားကစားကွင်းတွင် မြဝတီအသင်းနှင့် ISPEအသင်းတို့ ကစားခဲ့ရာ ISPEအသင်းက ခုနစ်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ISPEအသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၁၀မိနစ်၊ ၁၂  မိနစ်နှင့် ၄၆မိနစ်တို့တွင် လင်းမြင့်မိုရ်၊ ပွဲချိန် ၃၆မိနစ်တွင် မိုးမိုးသန်း၊ ပွဲချိန် ၃၉ မိနစ်နှင့် ၇၄ မိနစ်တွင် သင်ဇာချိုနှင့် ပွဲချိန် ၄၃ မိနစ်တွင် ဟေမာန်စိုးတို့က သွင်းယူပေးနိုင်ခဲ့ကာ မြဝတီအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၃၁မိနစ်တွင် ဖြူဖြူဝင်းက သွင်းယူနိုင်ခဲ့သည်။

အလားတူ ညနေ ၃နာရီက ပဒုမ္မာအားကစားကွင်းတွင် ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၉မိနစ်၊ ၁၁မိနစ်နှင့် ၂၂မိနစ်တို့တွင် စန္ဒာအောင်က သွင်းယူပေးနိုင်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၉ မိနစ်တွင် စန်းသော်သော်က သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

Dates: 
Thursday, October 3, 2024 - 08:06