ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

နေပြည်တော် ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ   မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်  လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီလ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝေါမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၆၄ ခုမှ ပြည်သူ ၃၄၂ ဦး၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု ၅၃ ခုမှ ပြည်သူ ၃၁၀ ဦး တက်ရောက်ပြီး စုစုပေါင်း ၆၅၂ ဦး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

ဦးစွာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်    ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တိုင်းဒေသကြီး/ခရိုင်၊   မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့်  စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက  စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။ စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ပိုမို ကောင်းမွန်စေမည့်  အကြံပြုချက်များကိုလည်း ပေးခဲ့ကြသည်။   မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို  ပဲခူးတိုင်းဒေသကြီး နယ်မြေရှိ     မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။