လူ့အခွင့်အရေးချိုးဖောက်နေသည့် အစ္စရေးအပေါ် အမေရိကန် အရေးယူပိတ်ဆို့မည်မဟုတ်
အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် အစ္စရေးအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မည်မဟုတ်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။
အစ္စရေးတပ်မတော်တစ်ရပ်လုံးအနေဖြင့် အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ကို အမေရိကန်ကသိရှိကြောင်း၊ သို့သော် အစ္စရေးအပေါ် စစ်ရေးအရ ထောက်ပံ့မှုများ ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းဌာနများက ဆက်လက်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသည့် ပြည်ပတပ်မတော်များနှင့် တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့များအပေါ် ထောက်ပံ့မှုများ ရပ်ဆိုင်းသောဥပဒေကို ပြဋ္ဌာန်းထားသည်။
သို့သော် တာဝန်ရှိသည့် တပ်ဖွဲ့ဝင်များအပေါ်သာ အရေးယူပိတ်ဆို့မှုများလုပ်သည့် ကင်းလွတ်ခွင့်လည်း ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောသည်။
အမေရိကန် အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် အစ္စရေးတပ်ရင်းသုံးရင်းကို စောင့်ကြည့်မှုများ လုပ်နေသော်လည်း အစ္စရေးအပေါ် အမေရိကန်၏ ထောက်ပံ့မှုက ကြန့်ကြာသွားမည် မဟုတ်ကြောင်းနှင့် အစ္စရေးအနေဖြင့် ထိုထောက်ပံ့မှုများကို ရရှိစေမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောထားသည်။
Ref: RT