သူနာပြု သားဖွားများ၏ သူနာပြုစုမှု အရည်အသွေး တိုးမြှင့်ရေး အသိပညာပေး ဆွေးနွေး

 

သူနာပြု သားဖွားများ၏ သူနာပြုစုမှု အရည်အသွေး တိုးမြှင့်ရေး အသိပညာပေး ဆွေးနွေး

 

ပဲခူး   အောက်တိုဘာ   ၄  

ပဲခူးမြို့ ဥဿာမြို့သစ် သမိန်ဗရမ်းလမ်းရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၄ ရက်နံနက်ပိုင်းတွင်  မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ ကြီးမှူး၍ သူနာပြု၊သားဖွားများ၏ သူနာပြုစုမှု အရည်အသွေး တိုးမြှင့်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟက မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီမှ ရှင်းလင်းဆွေးနွေးဟောပြောမည့်  CPD Guideline ပါအချက်များနှင့် မိမိတို့လိုင်စင် သက်တမ်းတိုးရာတွင်  အသုံးပြုရမည့် Logbook များနှင့်ချိတ်ဆက် အသုံးပြုရမည့် နည်းလမ်းများကို သိရှိပြီး မိမိတို့ဌာနရှိ သူနာပြု၊ သားဖွားများ CPD Point  ရရှိရေးအတွက် အချင်းချင်းပံ့ပိုး ကူညီပေးကြရန်၊ သူနာပြုသားဖွားများ အားလုံးကလည်း မိမိ၏အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထားကာ မိမိတို့အသက်မွေး ဝမ်းကျောင်းပညာရပ် တိုးတက်စေရန် သတ်မှတ်ထားသည့် CPDစနစ်အတိုင်း စနစ်တကျလိုင်စင် သက်တမ်းတိုးကြရန်နှင့် နိုင်ငံတော်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ကြရန်၊ မိမိတို့သူနာပြု၊သားဖွားများ၏ ထိန်းသိမ်းရမည့်အပြုအမူနှင့် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က  သူနာပြု၊သားဖွားများ၏ သူနာပြုစုမှု အရည်အသွေး တိုးမြှင့်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဦးဆောင်၍ သူနာပြု၊ သားဖွားများ၏ သူနာပြုစုမှု အရည်အသွေးတိုးမြှင့်ရေးအတွက် အသိပညာပေး ဆွေးနွေးကြကြောင်း သိရသည်။