အစ္စတန်ဘူလ်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဆီးရီးယားနိုင်ငံသား အမျိုးသမီးတစ်ဦးကို တူကီယဲတရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်

 

အစ္စတန်ဘူလ်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည့် ဆီးရီးယားနိုင်ငံသား အမျိုးသမီးတစ်ဦးကို တူကီယဲတရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်

တူကီယဲနိုင်ငံတွင် ၂၀၂၂  ခုနှစ်က  ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကို  လုပ်ဆောင်ခဲ့သည့် ဆီးရီးယားနိုင်ငံသား အမျိုးသမီးတစ်ဦးကို တူကီယဲတရားရုံးတစ်ခုက ဧပြီလ ၂၆ ရက်တွင် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို  အာလမ်အယ်လ်ဘာရှီယာ အမည်ရှိ ဆီးရီးယား အမျိုးသမီးက အစ္စတန်ဘူလ်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုသည် လမ်းမအထက်တွင် ဈေးဝယ်သူ၊ လမ်းသွားလမ်းလာများနှင့် စည်ကားနေစဉ်ဖြစ်ပွားခဲ့ရာ တိုက်ခိုက်မှုအတွင်း တူကီယဲနိုင်ငံသားခြောက်ဦး သေဆုံးပြီး လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာလမ်အယ်လ်ဘာရှီယာအား ဗုံးထောင်၍ ဖောက်ခွဲတိုက်ခိုက်သူအဖြစ်  ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီးနောက်   ယင်းအမှုနှင့် ဆက်နွှယ်သူ ၁၀ ဦးကို ဆက်လက်စစ်ဆေးလျက်ရှိသည်။

အစ္စတန်ဘူလ်မြို့တော်တွင် ကာ့ဒ်စစ်သွေးကြွအဖွဲ့ (PKK)၊ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့နှင့် လက်ဝဲယိမ်းစစ်သွေးကြွအဖွဲ့များက မကြာခဏ အကြမ်းဖက်တိုက်ခိုက် လေ့ရှိကြောင်း သိရသည်။           

 Ref:ST