တပ်မတော်အရိုး အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ၏ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

 

တပ်မတော်အရိုး အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ၏ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၆

    ရန်ကုန်တိုင်းဒေသကြီး  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် တပ်မတော်အရိုးအထူးကု ဆေးရုံကြီး ခုတင် - ၅၀၀ ၌ကျင်းပရာ   ဒဂုံမြို့သစ်ခရိုင်မှ  အင်အား  ၅၀  ကျော်    တက်ရောက် သွေးလှူဒါန်းကြသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA) ဗဟိုမှအတွင်းရေးမှူး (၃) ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသန့်စင်နှင့် တာဝန်ရှိသူများ၊ ပြင်ပအလှူရှင်များ တက်ရောက်ကြသည်။

သွေးလှူဒါန်းပွဲတွင် တပ်မတော်ဆေးရုံကြီးမှ တာဝန်ရှိသူများက သွေးလှူရှင်များကို ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းကာ အလှူရှင်မှတ်တမ်းလွှာများ ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရသည်။