ပုသိမ်ခရိုင်၌ မိုးစပါး ၄၉၉၇၇၁ ဧက ရိတ်သိမ်းပြီးစီး

ပုသိမ်ခရိုင်၌ မိုးစပါး ၄၉၉၇၇၁ ဧက ရိတ်သိမ်းပြီးစီး

ပုသိမ် ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မိုးစပါး ၄၉၉၇၇၁ ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုသိမ်ခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရာသီက မိုးစပါး ၅၀၇၈၁၅ ဧကအထိ စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သည့် မိုးစပါးများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့အထိ ၄၉၉၇၇၁ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ရိတ်သိမ်းပြီးဖြစ်သည့် မိုးစပါးတစ်ဧကလျှင် ၈၆ ဒသမ ၇၁ တင်း နှုန်းထွက်ရှိကြောင်း သိရသည်။

“ခရိုင်တစ်ခုလုံးအနေနဲ့ မိုးစပါး ၅၀၇၈၁၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့တယ်။ လက်ရှိစိုက်ပျိုးထားတဲ့ မိုးစပါးတွေကို ပြန် လည်ရိတ်သိမ်းနေပါတယ်။ ဒီနေ့အထိ မိုး စပါး ၄၉၉၇၇၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ် ပါတယ်။ ရိတ်သိမ်းဖို့ကျန်တဲ့ စပါးခင်းတွေကိုလည်း ဆက်လက် ရိတ်သိမ်းနေပါတယ်။ စပါးမစိုက်မီ ကတည်းက တောင်သူတွေ စိုက်ပျိုးတဲ့ မိုးစပါးတွေ အထွက်နှုန်းကောင်းမွန်ဖို့ လိုအပ်တဲ့ ဓာတ်မြေ သြဇာကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပံ့ပိုးပေးတဲ့အပြင် တောင်သူအသိပညာ ပေးလုပ်ငန်းတွေကိုလည်း ကွင်းဆင်းဆောင် ရွက်ပေးခဲ့ပါတယ်” ဟု ဦးဝင်းစိုးက ပြောသည်။

ပုသိမ်ခရိုင်တွင် ယနေ့အထိ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းပြီးစီးမှုအနေဖြင့် ပုသိမ်မြို့နယ်၌ ၉၁၄၃၆ ဧက၊ ကန်ကြီး ထောင့်မြို့နယ်၌ ၁၄၃၉၈၈ ဧက၊ သာပေါင်း မြို့နယ်၌ ၆၀၂၂၅ ဧက၊ ငပုတောမြို့နယ် ၌ ၂၀၄၁၂၂ ဧက စုစုပေါင်း ၄၉၉၇၇၁ ဧကဖြစ်ကြောင်း သိရသည်။

သုတကျော်