အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သော ဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲ ဖြေဆိုခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေး ထားကြရမည်ဖြစ်

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သော ဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲ ဖြေဆိုခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေး ထားကြရမည်ဖြစ်

နေပြည်တော် မတ် ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိက လိုအပ်ချက် ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားစရိုက် လက္ခဏာများ ထိန်းသိမ်း ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခုလာမည့် မတ်လ ၁၁ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲများစတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သော ဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေး မှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်နှင့် ထူးခြား ဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီတင်ပြကြရန်  လိုအပ်ကြောင်း၊  စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ၀ိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုံခြုံရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ထူးခြားဖြစ်စဉ်များကို မခြွင်းမချန် အမြန်သတင်းပေး ပို့ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်တို့က    တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။   

(သတင်းစဉ်)