အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉၉ ဦးအား လူမှုရေးပင်စင်ပံ့ပိုးငွေပေးအပ်

အသက်  ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉၉ ဦးအား လူမှုရေးပင်စင်ပံ့ပိုးငွေပေးအပ်

မိုင်းဆတ်၊ လူမှုရေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ   အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉၉ ဦးအား လူမှုရေးပင်စင် ပံ့ပိုးငွေပေးခြင်းကို ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းတွင် ဘိုးဘွားများ လက်ဝယ်အရောက် ကွင်းဆင်းပံ့ပိုးပေးအပ်သည်။

နိုင်ငံတော်မှ  လူမှုရေးပင်စင်အဖြစ် အသက် ၈၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများအား  တစ်လလျှင်  ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ်ပံ့ပိုးပေးလျက်ရှိပြီး အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၁၉၉ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းပံ့ပိုးငွေကျပ် ၅၉၇၀၀၀၀ ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးညီညီထွေး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ဇင်မာကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က ဘိုးဘွားများ     လက်ဝယ် အရောက် ပံ့ပိုးပေးအပ်ကြသည်။

အဆိုပါ ပံ့ပိုးငွေများ ပံ့ပိုးရန်ကျန်ရှိသည့် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ဆက်လက်ပံ့ပိုး ပေးမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)