(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် အောက်တိုဘာ ၁၃
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်(ယနေ့) မှ ၂၃ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံနှင့် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်(ယနေ့)နံနက် ၉ နာရီတွင် MICC -II ၌ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV–HD ,MRTV - Parliament , MRTV – NRC , MWD-HD , MWD Variety HD Channel များနှင့် MOI Website၊ MOI Youtube၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှလည်း တိုက်ရိုက်(LIVE) ထုတ်လွှင့်မည်ဖြစ်သည်။