လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

နေပြည်တော် အောက်တိုဘာ ၁၃

    ယနေ့မွန်းလွဲ  ၂  နာရီခွဲအချိန်တိုင်းထွာချက်များအရ   ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ အောက်တိုဘာလ ၁၄ ရက်တွင် လေဖိအားနည်းရပ်ဝန်း (Low  Pressure  Area) တစ်ခုဖြစ်ပေါ်နိုင်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ  တမီးနာဒူးလ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ် တောင်ပိုင်း ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။                                             

  (မိုး/ဇလ)