ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ
နေပြည်တော် အောက်တိုဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း ၁၂ ခုရှိရာ အောက်တိုဘာလ ၁၄ ရက်တွင် ပေါင်းလောင်း ရေလှောင်တမံ၌ ၃ ဒသမ ၇၀ ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော် စီးဆင်းနေပြီး ယခင်နေ့နှင့်နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှု အခြေအနေမှာ သုည ဒသမ ၃၃ ပေတိုးလာခြင်းဖြစ်သည်။ ရေပိုလွှဲ၏ ကန်ရေပြည့်ရေမှတ်အထက်တွင် HED ရေတံခါး(၄)ချပ်ထောင်ထားသည်။
အဆိုပါရေလှောင်တမံများ၏ကြံ့ခိုင်မှု အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား ၂၄ နာရီ ရေကင်းတာဝန် ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း သိရသည်။