လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိနိုင်
နေပြည်တော် အောက်တိုဘာ ၁၄
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက် တည်ရှိနေသည်။
အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာလ ၁၅ ရက်တွင် ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ် သို့လည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်တွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ တမီးနာဒူးလ်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရသည်။
(မိုး/ဇလ)