တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်သင်တန်းသူ အမျိုးသမီးများ အလိုရှိသည်

 

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်သင်တန်းသူ အမျိုးသမီးများ အလိုရှိသည်

 

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

          (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

          (ခ)     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အသက်(၁၇)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက်မကြီးရ။

          (ဂ)     ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

         (ဃ) အနည်းဆုံးအရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက်မကျော်ရ။ (အထက်ပါအတိုင်း ကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေး ချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

         (င)     မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။    

၂။    လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady. net.mm/nurse(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၆-၁၀-၂၀၂၄ ရက်နေ့မှစ၍ ၁၈-၁၁-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

         (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

        (ခ )    တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

        (ဂ )    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

        (ဃ)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။

        (င )    အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ။

        (စ )    မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။   သင်တန်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုး ညွှန်းတမ်းအတိုင်း အမှတ်(၃)စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ နေပြည်တော်၌ ၁-၁၂-၂၀၂၄ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါ သည်။ (မေးခွန်းနမူနာပုံစံများအား Myawady Webportal (www.myawady. net.mm/nurse(female))တွင် ဝင်ရောက်လေ့လာနိုင်သည်။)

၄။   အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁၁-၁၂-၂၀၂၄ ရက်နေ့မှ ၁၇-၁၂-၂၀၂၄ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့မှ စစ်ဆေး အောင်မြင် သူများကို စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၅။      သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈၀၀၀)ကျပ်၊ ဒုတိယနှစ်(၁၇၄၀၀၀)ကျပ်၊ တတိယနှစ်(၁၈၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၈၆၀၀၀)ကျပ် ရရှိမည်။

၆။      သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-

         (က)   သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)

         (ခ )    ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)

         (ဂ )    ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ)  B.Med.Tech(Medical Laboratory Technology)

         (ဃ)   ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ)  B.Med.Tech(Physiotherapy)

          (င)    ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ) B.Med.Tech(Medical Imaging Technology)

          (စ)    ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့   B.Med.Tech(Prosthetics and Orthotics)

၇။   သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူ များအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science) နှင့် ပါရဂူဘွဲ့(Ph.D)သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

၈။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက်(၁)နှစ်၊ အထက်တန်းသူနာပြု/ဆေးဘက်ကျွမ်းကျင်သူ(ဒုတိယတန်း)အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း ၃ နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာ တို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ်(အထက်တန်းသူနာပြု/ကျွမ်းကျင်သူ (ဒုတိယတန်း))အဖြစ် စတင်ခန့်အပ်ပေးမည်။

မှတ်ချက်။    အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။